ပင်လောင်းမြို့နယ်တွင် ၂၀၂၂ နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၄၅.၉၅ ရာခိုင်နှုန်းရှိ

ပင်လောင်း ဇွန် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ၌ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၁၀)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုအောင်မြင်သူများအား ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စာစစ်ဌာန(၁၀)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း(၂၁၂၄)ရှိရာ ဖြေဆိုအောင်မြင် သူများမှာ အ.ထ.က(၁) ပင်လောင်းတွင် (၁၆၀)ဦး၊ အ.ထ.က(၂)ပင်လောင်းတွင်(၁၄၈)ဦး၊ အ.ထ.က တီကျစ်တွင် (၈၉)ဦး၊ အ.ထ.က ပင်ခွန်တွင်(၉၁)ဦး၊ အ.ထ.က ထီရယ်တွင်(၁၀)ဦး၊ အ.ထ.က ဆောင်းပြောင်းတွင်(၁၁၆)ဦး၊ အ.ထ.က တလိုင်းမရွာသစ်တွင်(၆၁)ဦး၊ အ.ထ.က တင်းထက်တွင် (၈၉)ဦး၊ အ.ထ.က နောင်တရားတွင်(၂၀၆)ဦး၊ အ.ထ.က လွယ်ဘောင်းတွင်(၆)ဦး စုစုပေါင်း ဖြေဆိုအောင်မြင်သူ(၉၇၆)ဦးရှိပြီး အောင်ချက် ၄၅.၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)