ကလိန်အောင် ဇွန် ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ရန်ပုံငွေ(၁၀၀)သိန်းကျပ်ဖြင့် ကလိန်အောင်မြို့ လော့သိုင်းကျေးရွာအုပ်စု၊ ကျောက်က္ကဒင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းဆွေမြင့်ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းစဉ်များနှင့်ကော်မတီဖွဲ့စည်းပုံအကြောင်းအရာများတို့အား ချပြရှင်းလင်းပြောကြားသည်။
ပြီးနောက် တက်ရောက်လာကြသော ကျေးရွာသူ၊ရွာသားများ၏ အများသဘောတူဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ၇ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အဆိုပါကျေးရွာအတွင်းလိုအပ်သည့် ဂဝံမြေသားလမ်းအား ကျေးရွာလူထုကိုယ်တိုင်ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)