ငွေဆောင်မြို့၊ ကျောက်ဖျာကျေးရွာတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

ငွေဆောင် ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ကျောက်ဖျာကျေးရွာတွင် ယနေ့ နံနက် (၁၀:၁၅)အချိန်မှ စတင်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျောင်းသား/သူ စုစုပေါင်း ( ၇၆) ဉီး၊ ကျား (၄၁)၊ မ(၃၅) တို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ဖျာစာသင်ကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူ စုစုပေါင်း (၁၀၄)ဉီး ရှိရာဆေးထိုးနှံသူဉီးရေ (၇၆) ဉီး၊ ကျား (၄၁)၊ မ (၃၅) ရှိပြီး ဆေးမထိုးသူဉီးရေ(၂၈) ဉီး၊ ကျား (၁၅)၊ မ (၁၃) ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုသည် (၁၁:၁၅) အချိန်တွင် ပြီးဆုံး၍ ထူးခြားမှုမရှိကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ငွေဆောင်ပြန်/ဆက်)