သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်စာအုပ် စာစောင်ပြပွဲဆောင်ရွက်ခြင်း

ချမ်းမြသာစည် ဇွန် ၆

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ဟောပြောပွဲနှင့်စာအုပ်/စာစောင်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်း လင်းပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က သဘာ၀ပတ်၀န်းကျင်မပျက်စီးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်တစ်ဦးချင်းလိုက်နာထိန်းသိမ်းရေး၊ သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုနှင့် ဂေဟစနစ်များပျက်စီးမှုတို့အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များအား လေ့လာဖတ်ရှု့ခဲ့ကြ‌ကြောင်းနှင့်ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ မိဘပြည်သူများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)