ကျောက်တန်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များ အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲ၊ မြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေ ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် အဘိတ်ဆေးထုတ်များကို အိမ်တိုင်ရာရောက် လိုက်လံဝေငှခဲ့ကြပြီး အသိပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါ်အိသန္တာချို