သာကေတမြို့နယ် ညီလာခံအတွေ့အကြုံ ရှင်းလင်းခြင်းနှင့် အလင်္ကာကျော်စွာ ဘွဲ့ရဆရာကြီး ဦးထွန်းရီ (ရှေးဟောင်းသုတေသီ)အား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

သာကေတ  ဇွန်  ၆

သာကေတမြို့နယ်ဆရာအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာကြီး ဦးထွန်းရီ ရှေးဟောင်း(သုတေသီ)အား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယမန်နေ့နံနက် (၉:၃၀)နာရီ အချိန်ကသာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ အောင်သုခကျောင်းတိုက်၌ ပြုလုပ်ရာ မြန်မာနိုင်ငံစာရေးအသင်း (ဗဟို) ဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုး၊ ဒုဥက္ကဋ္ဌ မြတ်စိုး(လှိုင်)၊ အတွင်းရေးမှူး မောင်ငြိမ်းသူ (ကြို့ပင်ကောက်)နှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သာကေတမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မြေလတ်မြတ်သူနှင့်  မြန်မာနိုင်ငံစာရေးအသင်း (ဗဟို) ဥက္ကဋ္ဌ မြင်းမူ မောင်နိုင်မိုးတို့က မုဒိတာစကားများ ပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံကို ဆရာထွဋ်ခေါင်က မြို့နယ်စာရေးဆရာအသင်းဝင်များကို ထပ်ဆင့်ရှင်းလင်းခဲ့သည်။

ဆက်လက်၍ သာကေတမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မြေလတ်မြတ်သူက ဆရာကြီး ဦးထွန်းရီ (ရှေးဟောင်းသုတေသီ)အား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးရခြင်းအ‌​ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး မောင်ငြိမ်းသူ (ကြို့ပင်ကောက်) က ဝမ်းမြောက်စကားပြောကြားခဲ့ပြီး စာရေးဆရာမ စိန်မေရီလွင်မိုးက ဆရာကြီးဦးထွန်းရီ (ရှေးဟောင်းသုတေသီ)၏ကိုယ်​ရေးအကျဉ်းကို ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုပွဲကိုပြုလုပ်ရာ ထွန်း​ဖောင်း​ဒေးရှင်းစာ​ပေဆုများ ရှင်အမျိုးသားစာ​​ပေတစ်သက်တာ ဆုရအလင်္ကာ​​​ကျော်စွာဘွဲ့ရ ဆရာကြီးဦးထွန်းရီ(​ရှေး​ဟောင်းသု​တေသီ)အား သာ​ကေတမြို့နယ် စာ​ရေးဆရာအသင်းမှထပ်ဆင့် ဂုဏ်ပြုချီးမြှင့်​​ငွေနှင့်ဂုဏ်ပြုမှတ်တမ်းကို မြန်မာနိုင်ငံစာ​ရေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ မြင်းမှု​မောင်နိုင်မိုး၊ အတွင်း​ရေးမှူး​မောင်ငြိမ်းသူ (ကြို့ပင်​​ကောက်)တို့​ ပေးအပ်ရာ ဆရာကြီးဦးထွန်းရီ (​ရှေး​ဟောင်းသု​တေသီ)က လက်ခံရယူခဲ့ပြီး​ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင်တေးသံရှင်များစာ​ရေးဆရာ၊ စာ​ရေးဆရာမများက ဆရာ​မှော်ဝန်းကြည်မြတ်ဦးစီးသည့် ဂီတကမ္ဘာမြန်မာမှု​တေးဂီတ အဖွဲ့နှင့်ဆရာကြီး ဦးထွန်းရီ(​ရှေး​ဟောင်းသု​တေသီ)အား ​တေးသီချင်းများဖြင့် ဂုဏ်ပြု​​ဖြေ​ဖျော်ခဲ့ကြ​ကြောင်း သိရသည်။

​ဝေယျာမင်း