နောင်ချို ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၅-၆-၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချို-ရပ်စောက် လမ်းမပေါ်ရှိ ရွှေမုဋ္ဌောအုပ်စု လမ်းဘေးဝဲယာတွင် ယမန်နေ့နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကြည်တိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေမုဋ္ဌောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းညိုနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း အင်အား ၁၅၀ ဦးတို့က နောင်ချို-ရပ်စောက် လမ်းမပေါ်ရှိ ရွေမုဋ္ဌောကျေးရွာအုပ်စု လမ်းဘေးဝဲယာတွင် ကျွန်း(၁၀၀)ပင်၊ ခါတော်မှီ(၁၀၀)ပင်၊ ရေသင်းဝင် (၁၀၀)ပင်၊ ရေပိတုန်း(၁၀၀)ပင်၊ မန်ဂျာရှား(၁၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင် စုစုပေါင်း ပျိုးပင် (၆၀၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်မိုးရာသီကာလအတွင်း ပျိုးပင်ပေါင်း ၄၁၈၀၀ ပင်အားပျိုးထောင်ထားရှိပြီး ပြည်သူလူထုများအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးအရာရှိ ဦးအောင်ဇော်မင်းထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)