မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေ အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိ ဇွန် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။                                                                       

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်ဇင်အောင် မူးယစ်ဆေးဝါးအန္တရာယ် အခန်းကဏ္ဍ၊ မူးယစ်ဆေးသုံးစွဲလျှင် ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲသူတွင် တွေ့ရတတ်သည့် အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးသုံးစွဲသူအား ပြုလုပ်ပေးသင့်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးရောင်းချပါက အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးကို ရောင်းဝယ်/သယ်ဆောင်တဲ့နေရာမှာ ကလေးသူငယ်ကို အသုံးချရ/အသုံးပြုသူများအား အရေးယူနိုင်သည့်ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများ အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် online မှတစ်ဆင့်အသိ ပညာပေး အစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် FackBook page တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)