သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ဆည်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရမည်းသင်းခရိုင်အမျိုးသမီးကော်မတီ ၁/၂၀၂၂ လုပ်ငန်းညှိုနှိုင်အစည်းအဝေးကျင်းပ
Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အမျိုးသမီးကော်မတီ ၁/၂၀၂၂ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီကရမည်းသင်းခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းစံမြို့၌Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်
Jun 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ယနေ့နံနက်(၁၀)နာရီခန့်က မိုင်းစံမြို့ အ-ထ-က ကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့် ကျောင်းသူ/ကျောင်းသားများ စာပေဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည် ဖြစ်ပါသည်။
တာမွေမြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား / သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 08,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ် အတိုင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား / သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး
ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ဇွန်လ ၂ ရက် မှစတင်၍ ကျောင်းဆေးထိုး စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဆေးထိုးစုရပ်၅နေရာ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ၊ကျောင်းသားများအား အခြေခံပညာကျောင်းများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်း တာဝန်ကျအဖွဲ့များက ဇွန်လ(၃)ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းပြားမြို့ ရာမောင်ခန်းမ၌ သံဃာတော်များနှင့် သီလရှင်များ နိကာယ်စာမေးပွဲဖြေဆို
Jun 08,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးရှိ သံဃာတော်များ၊ သီလရှင်များအား မင်းပြားမြို့ ရာမောင်ခန်းမ၌ နိကာယ်စာမေးပွဲကို ယမန်နေ့မှ စတင်ကျင်းပဖြေဆိုနေကြကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jun 08,2022
မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ် -၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ   ယနေ့နံနက်(၉)နာရီအချိန်တွင်   အမှတ်(၃၅)အခြေခံပညာမူလတန်းကျောင်းနှင့်အမှတ် (၃၄)အခြေခံပညာမူလတန်းကျောင်းရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား အမှတ်(၃၅)အခြေခံပညာမူလတန်းကျောင်းတွင် စုရပ်ဖွဲ့ကာ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။