မင်းပြား ဇွန် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးရှိ သံဃာတော်များ၊ သီလရှင်များအား မင်းပြားမြို့ ရာမောင်ခန်းမ၌ နိကာယ်စာမေးပွဲကို ယမန်နေ့မှ စတင်ကျင်းပ ဖြေဆိုနေကြကြောင်း သိရသည်။
ထိုသို့ နိကာယ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာတွင် သံဃာတော်နှင့် သီလရှင် (၁၉၂)ပါးဖြေဆိုရန် လျှောက်ထားသည့်အနက်မှ မဟာဝိဒူတန်း (၁)ပါး၊ ဝိဒူတန်း (၁၂၄)ပါး၊ စာဖြေသံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၂၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ နိကာယ်စာမေးပွဲတွင် စာဖြေသံဃာတော်များအား သြဝါဒစရိယဆရာတော်များက ကြီးကြပ်ပြီး ပါရာဇိကဏ္ဍအဌကထာ၊ ပါရာဇိကပါဠိိတော်၊ သီလက္ခန္ဓဝဂ္ဂပါဠိတော်၊ မူလပဏ္ဏာသပါဠိိတော်၊ ဧကကဒုကတိကစတုက္ကနိပါဠိိတော်၊ ဓမ္မသဂ်ဏီပါဠိိတော်ဘာသာရပ် များအားဖြေဆိုတော်မူကြသည်။
ဆက်လက်ပြီး မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း စာဖြေသံဃာတော်များ၊ သီလရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
သိန်းနုအောင်