မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မြစ်သား ဇွန်  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ၊ကျောင်းသားများအား အခြေခံပညာကျောင်းများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်း တာဝန်ကျအဖွဲ့များက ဇွန်လ(၃)ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ၊ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၈၄)ကျောင်း၊ဘုန်းတော်ကြီးသင်ပညာကျောင်း(၅)ကျောင်းနှင့်ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စုစုပေါင်း((၂၀၁)ကျောင်းတို့တွင် ကွင်းဆင်းထိုးနှံခဲ့ရာ ဇွန်(၃)ရက်နေ့မှ ယနေ့အထိ(၁၉၅၇)ဦးကို ထိုးနှံနိုင်ခဲ့ပြီး ကျန်ရှိနေသော အခြေခံပညာကျောင်းများကိုလည်း ဇွန်လ(၁၇)ရက်နေ့အထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီတာအောင်(မြစ်သား)