ပေါင်းတည် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ဇွန်လ ၂ ရက် မှစတင်၍ ကျောင်းဆေးထိုး စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဆေးထိုးစုရပ်၅နေရာ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ဆေးထိုးနှံမည့် ကျောင်းသားကျောင်းသူလေးများအား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မူလတန်းကျောင်းမှ ၁၄၅၅ဦးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၇၀ ဦး စုစုပေါင်း ၁၅၂၅ ဦးအား Sinopharm ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
မြို့နယ်အတွင်း အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ရည်မှန်းဦးရေ ၉၂၂၀ ဦးရှိပြီး ဇွန် ၂ ရက်မှ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပြီးသူ ၅၉၃၅ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၄.၃၉ရာနှုန်း ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရသည်။
အေးအေးဆင့်