မဟာအောင်မြေမြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

မဟာအောင်မြေ ဇွန် ၈

မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ် -၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ   ယနေ့နံနက်(၉)နာရီအချိန်တွင်   အမှတ်(၃၅)အခြေခံပညာမူလတန်းကျောင်းနှင့်အမှတ် (၃၄)အခြေခံပညာမူလတန်းကျောင်းရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား အမှတ်(၃၅)အခြေခံပညာမူလတန်းကျောင်းတွင် စုရပ်ဖွဲ့ကာ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိ ဆရာ/ဆရာမ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် ကျောင်းသား/ကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ် အမှတ်(၃၅) အခြေခံပညာမူလတန်းကျောင်းတွင် စုရပ်ဖွဲ့ကာ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား/ကျောင်းသူ (၁၂၀) ဦး ပထမအကြိမ် ထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/သူများအား  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း