ရမည်းသင်းခရိုင်အမျိုးသမီးကော်မတီ ၁/၂၀၂၂ လုပ်ငန်းညှိုနှိုင်အစည်းအဝေးကျင်းပ

ရမည်းသင်း  ဇွန်  ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အမျိုးသမီးကော်မတီ ၁/၂၀၂၂ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီကရမည်းသင်းခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက အမှာစကားပြောကြားရာတွင် လုပ်ငန်းကော်မတီဖွဲ့စည်းထားခြင်းနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို vedio ကလစ်ဖြင့် ရှင်းလင်းပြောကြားကာတက်ရောက်လာသည့် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်များက အမျိုးသမီးများဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကြံပြု ဆွေးနွေးကြသည်။

ထို့နောက်ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ကလုပ်ငန်းကော်မတီများ၏ အကြံပြုဆွေးနွေးချက်များကို ဖြည့်စွက်ရှင်းလင်းပြီး လစဉ်ကော်မတီလုပ်ငန်းအစီရင်ခံစားတင်ပြ၍ အားနည်းချက်များ ကိုပေါင်းစပ်ကာ အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်ရေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)