ကျောက်ဆည် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက လေဘေးအန္တရာယ်ကြောင့် မိသားစုစားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုရအဖွဲ့မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား ဆက်လက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရို်ငဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်က ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကျော်ဘထွန်းနှင့် အဖွဲ့ဝင်များက လေဘေးအန္တရာယ်ကြောင့် လူသေဆုံးဖြစ်ပွားခဲ့သည့် ဦးဆန်းလွင် မိသားစုနှင့် မြောင်းဦးကျေးရွာ၊ ပေတောလေးကျေးရွာ၊ ဈေးတန်းရပ်ကွက်၊ ဇရပ်ဖြူကျေးရွာ၊ မုန်တိုင်ကျေးရွာ၊ သမန်းသာကျေးရွာနှင့် တောင်လွှဲကျေးရွာများမှ လေဘေးသင့် ပြည်သူ အိမ်ထောင်စု (၁၄) စုအား ထောက်ပံ့ငွေစုစုပေါင်း (၄၃) သိန်း ငါးသောင်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)