မိုင်းစံ ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ယနေ့နံနက်(၁၀)နာရီခန့်က မိုင်းစံမြို့ အ-ထ-က ကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့် ကျောင်းသူ/ကျောင်းသားများ စာပေဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းတွင် သုတ/ရသစာအုပ်များ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား စုစုပေါင်း (၁၀၀)အုပ်ကို ငှားရမ်းပေးခဲ့ပြီး အဆိုပါ ဆောင်ရွက်ခြင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)