ကြံခင်းမြို့နယ် (အ.ထ.က) ဆိပ်သာကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 22,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍ ဖွံဖြိုးတိုးတက် စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က) ဆိပ်သာ ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။