သတင်းများ

ရန်ကုန်အရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်သင်ကြား
Jun 22,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း​​ဒေသကြီး၊ အ​​ရှေ့ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် အများပြည်သူကို ဝန်ဆောင်မှုပေးသည့်ဌာနဖြစ်ရာ ပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင် ဌာန၏လုပ်ငန်းရည်မှန်းချက်များ အဆင်ပြေချောမွေ့စေရေးအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ဇွန် ၂၀ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ဆောင်ရွက်
Jun 22,2022
ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကူးစက်မှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံဆောင်ရွက်ခြင်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်နေရပ်များ၌ ယနေ့နံနက် (၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနားလည်စေပြီး ဝေးဝေးကရှောင်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (အခမဲ့) ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက် (၁၁)နာရီအချိန် က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျောင်းသား/သူအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန်
ကျိုက်မရော၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေး
Jun 22,2022
ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား အချိန်နှင့်တစ်ပြေးညီ လယ်သမားများ လက်ဝယ်ရောက်ရှိရေးနှင့် လယ်သမားများအချိန်မှန် စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲစီဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မော်ချီး​ဒေသတွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 22,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊​ မော်ချီး​ဒေသတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကိုယ်၀န်ဆောင် မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဖား​ဆောင်းမြို့နယ် မော်ချီး​အောက်ရွာရှိ ​​ကျေးရွာအုပ်ချုပ်​ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်ရတွင် နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရုံးစာကြည့်တိုက်တွင်စာအုပ်စာပေများ ငှားရမ်းပေးနေသည့်အပြင် ပိုမိုစာပေဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကာ နယ်လှည်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ကာ သုတ/ရသ၊ စာအုပ်/စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 22,2022
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်တွင် တောင်ငူတက္ကသိုလ်၌ ကျင်းပသည်။