သတင်းများ

အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Jan 16,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က စာရေးဆရာ​မောင်မင်းစိုးရေးသားသည့် “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 16,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်း ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း၌ ယနေ့ မွန်းလွှဲပိုင်းက  စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က သပြေတန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူ(လွန်)နောင်ခလုံးကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jan 16,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ခလုံကျေးရွာအုပ်စု နောင်ခလုံးကျေးရွာရှိ မူ(လွန်)နောင်ခလုံးကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြသခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့က နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ပန်းလည်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကျင်းပ
Jan 16,2025
တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ပန်းလည်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၇)ရီက တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။
ညောင်ရွှေ၌ လေပြင်းဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲကျင်းပ
Jan 16,2025
လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပမည်
Jan 16,2025
မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လဲချားမြို့ အ.ထ.က.(ခွဲ)နောင်မိန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ အ.ထ.က(ခွဲ)နောင်မိန်း‌ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပခဲ့​ပါသည်။