သတင်းများ

မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံဗွီဒီယိုရိုက်ကူး/တည်းဖြတ်နည်းသင်တန်းဖွင့်
Jan 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန၌ မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ် နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားခဲ့‌ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 17,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ အထွေထွေအသိပညာဗဟုသုတများရရှိစေရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသူ /ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
ဟိုပုံးမြို့နယ် ထီလင်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်း (Pilot Project) ဖြစ်သည့် ဟိုပုံး/ဆီဆိုင်မြို့နယ် (မဲနယ်တောင်နှင့် ပွန်ချောင်းကြား)တွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ(၁၅) ရက်နေ့က ထီလင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂ဝ၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေများပေးအပ်
Jan 17,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသား (၇၉) ဦးအား ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
ဂန့်ဂေါမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှဦးဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်း သားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ နောင်ဟွိုင်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် အနောက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းအတိုးငွေများ ထုတ်ချေးပေး
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းအတိုးငွေများအား အနောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယ​မန်နေ့မွန်းလွဲ ၂ နာရီအချိန်က ထုတ်ချေးပေခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်ပွားလာပါက အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေးနှင့် မီးလောင်မှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များ၊ ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။