သတင်းများ

မိုင်းငေါ့မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြုလုပ်
Jun 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ၊စာအုပ် ၊စာစောင် ပြပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။         
တကောင်းမြို့ တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့နံနက်ပိုင်းမှစတင်၍ တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မ (အ.လ.က)ကျောင်း၊ ဖုန်းကုန်း (အ.ထ.က (ခွဲ)၊ ညောင်လေးပင် (အ.လ.က (ခွဲ) ကျောင်းများမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။  
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၇၁၇)ဦးအား လူမှုရေးပင်စင်များပေးအပ်
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ
လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ဇွန်လ(၂၀)ရက် နံနက် (၈)နာရီအချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်းသိရသည်။
ကျိုင်းတုံခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ
Jun 20,2022
ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တာမိုးညဲမြို့၌ လူထုအခြေပြုဗဟိုဌာန၊ (Community   Centre) ၌ Book Club နှင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community  Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Clubနှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ
ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သက်တော်(၈၇)နှစ်ပြည့် ဝိဇာတပူဇာမင်္ဂလာနှင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဂုဏပူဇာ မင်္ဂလာအခမ်းအနား ကျင်းပ
Jun 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်း ကျောင်းလမ်း၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ အောင်ပြည့်ဖြိုးဦး သာသနာ့ဗိမာန် သိမ်တော်ကြီး၌ ကျင်းပပြုလုပ်သော မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသ မဟာထေရ်မြတ်ကြီး၏ သက်တော်(၈၇)နှစ်ပြည့် ဝိဇာတပူဇာ မင်္ဂလာနှင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးသား‌ပေါက်အကောင်ရေ(၃၀၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်
Jun 20,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဖိုးခေါင်ကျေးရွာအုပ်စု၊ ဖိုးခေါင်တံတားထိပ်၊ မြစ်မခမြစ်အတွင်း ငါးသားပေါက်အ‌ကောင်ရေ(၃၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။