ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးသား‌ပေါက်အကောင်ရေ(၃၀၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်

သာယာဝတီ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဖိုးခေါင်ကျေးရွာအုပ်စု၊ ဖိုးခေါင်တံတားထိပ်၊ မြစ်မခမြစ်အတွင်း ငါးသားပေါက်အ‌ကောင်ရေ(၃၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ငါးသယံဇာတမပြုန်းတီးရေး၊ ငါးသယံဇာတပေါများကြွယ်ဝစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းပေါများစေရေး၊ ငါးစာသုံးမှု မြင့်မားစေရေးရည်ရွယ်ချက်များဖြင့်  ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာတွင် ငါးခုံးမ၊ ငါးမြစ်ချင်းကောင်‌ရေ(၁၀၀၀၀၀)၊ ငါးခုံးမကြီးကောင်ရေ(၁၅၀၀၀၀)၊ ရွှေဝါငါးကြင်းကောင်ရေ(၅၀၀၀) စုစုပေါင်းငါးအကောင်ရေ(၃၀၀၀၀၀) ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့၀င်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးတင်ထွန်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ဒေသခံပြည်သူများက ငါးသားပေါက်များလွှတ်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)