တာချီလိတ်မြို့၌ စည်ပင်သာယာရေးဝန်ထမ်းများက ဂေါက်ကွင်းသွားလမ်းမကြီးတလျှောက် သာယာလှပရေး ဆောင်ရွက်

တာချီလိတ် ဇွန် ၃၀

မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့အား မြို့အင်္ဂါရပ်နှင့် အမြဲသန့်ရှင်းသာယာလှပနေစေရေးအတွက် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ရီးဂျီးနားဟိုတယ်နှင့် ဂေါက်ကွင်းသွားလမ်းမကြီးတလျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာတွင် တနင်္လာနေ့မှ သောကြာနေ့ထိ မြို့တွင်းရပ်ကွက်များရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း၊ ပန်းခြံများအတွင်း မြက်ဖြတ်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ပန်းအလှပင်များ ပုံသွင်းခြင်းများကို လုပ်ဆောင်ပေးခြင်းဖြင့် ပြည်သူများ အနားယူအပန်းဖြေစဉ် စိတ်လက်ချမ်းသာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများနှင့် စည်ပင်သာယာရေးဌာတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများဖော်ခြင်း၊ ရေနုတ်မြောင်းအတွင်းရှိ အမှိုက်သရိုက်များဆယ်ယူခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)