ကျိုက်ဒုံမြို့ သုခလမ်း၌ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ ဇွန် ၃၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၂၆.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက် သုခလမ်း၌ အုတ်စီရေမြောင်းဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှတ်(၃)၊ အမှတ်(၄)ရက်ကွက် သုခလမ်း၌ အုတ်စီရေမြောင်းဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အုတ်စီရေမြောင်း ပေအရှည်(၁၃၀၀)ပေ၊ အကျယ်(၁)ပေ (၆)လက်မ၊ အမြင့်(၂)ပေဖြစ်ပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)