မုံရွာ ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တာဝန်ရှိသူများ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့်အဖွဲ့သည် ၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲတို့တွင် ဝင်ရောက်ဖြေဆိုပြိုင်ပွဲဝင်ကြသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ကဗျာ၊ဆောင်းပါး ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နှင့် အာဇာနည်နည်နေ့အလွမ်း ခေါင်းစဉ်ဖြင့် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား/ ကျောင်းသူ(၃၀)ဦး၊ ကဗျာပြိုင်ပွဲတွင် လွမ်းတအောက်မေ့ အာဇာနည်နေ့ ခေါင်းစဉ်ဖြင့် သင်တန်းနှစ်အသီးသီးမှ ကျောင်းသားကျောင်းသူ(၁၃ဦးနှင့် ဆောင်းပါပြိုင်ပွဲတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ရောက်ခဲ့ပြီ ခေါင်းစဉ်ဖြင့် သင်တန်းနှစ်အသီးသီးမှ ကျောင်းသားကျောင်းသူ(၇)ဦး စုစုပေါင်း ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ(၅၀)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဇွန်လ (၃၀)ရက်နေ့ မွန်လွဲ (၂)နာရီတွင် အဆိုပါ မုံရွာတက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမ၌ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)