ဘားအံမြို့ အကျဉ်းဦးစီးဌာန၊ ဘားအံအကျဉ်းထောင်တွင် အကျဉ်းသား/သူ၊ အချုပ်သား/သူ၊ မိသားစုဝင်၊(၄၄၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ဘားအံ ဇွန် ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကျဉ်းဦးစီးဌာန၊ ဘားအံအကျဉ်းထောင်တွင် အကျဉ်းသား/သူ၊ အချုပ်သား/သူ၊ မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့အကျဉ်းထောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ဘားအံမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မိုးအေးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် မိသားစုဝင်(၇)ဦးအား COVID Shield အမျိုးအစားကာကွယ်ဆေးအားလည်းကောင်း၊ Booster Does အဖြစ် မိသားစုဝင်(၃၇)ဦးတို့အား Covaxin နှင့် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတို့အားလည်းကောင်း၊ အကျဉ်းသား (၁၁)ဦး၊ အကျဉ်းသူ (၅)ဦး၊ ပေါင်း(၁၆)ဦး၊ အချုပ်သား(၂၆)ဦး၊ အချုပ်သူ(၅)ဦး၊ ပေါင်း(၃၁)ဦး၊ စုစုပေါင်း(၄၇) ဦးအား COVID Shield အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အကျဉ်းသား(၈၁)ဦး၊ အကျဉ်းသူ(၃၃)ဦး၊ ပေါင်း(၁၁၄)ဦး၊ အချုပ်သား(၁၂)ဦး၊ အချုပ်သူ(၇)ဦး၊ ပေါင်း(၁၉)ဦး၊ စုစုပေါင်း(၁၃၃)ဦးအား Covaxin အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးအားလည်းကောင်း၊ တတိယအကြိမ်အဖြစ် အကျဉ်းသား(၂၂၂)ဦးအား Covaxin နှင့် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတို့အားလည်းကောင်း ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဘားအံအကျဉ်းထောင် တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေနှင့် အကျဉ်းထောင်ဆရာဝန် ဒေါက်တာဇော်မင်းလတ်တို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော အကျဉ်းသား/သူ၊ အချုပ်သား/သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)