မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွယ်ဂျယ်-မိုးမောက် ကားလမ်းပိုင်း ပျက်စီး၍ ယာယီလမ်းပြတ်တောက်မှုဖြစ်ကာ ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာနိုင်ခြင်းမရှိ

လွယ်ဂျယ် ဇွန် ၃၀

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ(၂၉)ရက် နံနက်(၁၁)နာရီခန့်တွင် လွယ်ဂျယ်− မိုးမောက်သွား ကားလမ်းမကြီး မြေသားအရှည်(၁၂၀)ပေခန့်၊ အနက်(၁)ပေခန့်သည် မြေသား နိမ့်ကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

အလားတူ ဇွန်လ(၂၉)ရက်နေ့ လယ်ပိုင်းတွင် လွယ်ဂျယ်−မိုးမောက်ကားလမ်း မိုင်တိုင်(၂၈)၊ (၂၉)မိုင်အကြား တောင်ကျချောင်းပေါ်တွင် တည်ဆောက်ထားသည့် တံတားအမှတ်(၁/၄၇)၊ ပေ(၃၀)အရှည် ဘေလီသစ်သားကြမ်းခင်းတံတား ကမ်းကပ်ခုံနေရာ ချောင်းရေတိုက်စား၍    ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း(၉၀)တန်ဖိုးရှိ တံတားပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာ၍ မရတော့ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းနှင့်တံတားအား ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၏ ကြီးကြပ်မှုဖြင့် လမ်းဦးစီးဌာနနှင့် ဟုန်ရှင်းကျန်းဘ လမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လွယ်ဂျယ်(ပြန်/ဆက်)