သတင်းများ

လှိုင်းဘွဲမြို့နယ်တွင်(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်ပြသ
Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jun 20,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ပိုင်းက ရွှေတောင်မြို့နယ် နွားမယံကျေးရွာ အုပ်စုကွင်းအမှတ် ( ၄၀၈) တောင် သူ ဦး ဌေးဝင်း၏ပဲတီစိမ်း (၁၆)ဧက စိုက်ပျိုးထားရှိရမှုအပေါ်တွင် နေကြာသီးညှပ် (၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ဆီဖူလုံမှု ရရှိစေရေးအတွက် ပဲမျိုးစုံနှင့်နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် ဒေသခံ တောင်သူများအား အလားတူ စည်းရုံးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသော “မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး” စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နှမ်းပေါ်ချိန်၌ ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးလျက်ရှိရာ နှမ်းပေါ်ချိန်၌ ဈေးကောင်းသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်Community Centreအတွင်း မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ်အသိပညာ ပေး Talk Show ဆွေးနွေးပွဲအစီအစဉ်ပြုလုပ်
Jun 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများသိသင့်သိထိုက်သည့် အသိပညာပေးအစီ အစဉ်ကောင်းများကို Online မှတစ်ဆင့် Talk Show အစီအစဉ်ဖြင့် အပတ်စဉ်တင်ဆက်ပေးလျက်ရှိရာ  ယမန်နေ့ ညနေ ၄ နာရီအချိန်က တနင်္သာရီမြို့ နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)အတွင်း မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မြောင်းမြို့ တည်ပင်ကျေးရွာတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ)​ ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ တည်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၆၈၆) တောင်သူဒေါ်ဝင်း၏ယာမြေတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၇) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ခရိုင်ချင်းဆက်လမ်းအမှတ်(၂)တွင် လမ်းအနိမ့်အမြင့် ဖြေညှိခြင်း၊ လမ်းအပေါက်များအား ကတ္တရာရေပိတ်လွှာများလောင်ခြင်း၊ လမ်းပုခုံးများ ပြုပြင်ပေးသွားမည်ဖြစ်
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်အတွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် ခရိုင်ချင်းဆက်လမ်းတွင် လမ်းအနိမ့်အမြင့်များဖြေညှိခြင်း၊ လမ်းအပေါက်များအား ကတ္တရာရေပိတ်လွှာများလောင်ခြင်းနှင့် လမ်းပုခုံးသားများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်