ကျောက်မြောင်းမြို့ တည်ပင်ကျေးရွာတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ)​ ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

​ကျောက်​မြောင်း ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ တည်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၆၈၆) တောင်သူဒေါ်ဝင်း၏ယာမြေတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၇) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းမှ ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ တောင်သူများအား အသေးစိတ် ရှင်းပြခဲ့သည်။ ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ပြုလုပ်ရန် အတွက် ပန်းပွင့်ချိန်တွင် ထယ်ထိုးမြေမြှုပ်ခြင်းဖြင့် ပြုလုပ်နိုင်ကြောင်း ရှင်းပြခဲ့သည်။ ထို့နောက် တောင်သူများအနေဖြင့် နှစ်စဉ်ဓာတ်မြေသြဇာများ သုံးစွဲလာခြင်းကြောင့် မြေသားဖွဲ့စည်းပုံ ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ အဆိုပါ ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) စိုက်ပျိုး ပြုလုပ်ခြင်းဖြင့် မြေသားပျက်စီးမှုကို ထိန်းသိမ်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထို့​​နောက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) စိုက်ပျိုး ပြုလုပ်ခြင်းနှင့်ပတ်သက်၍ တောင်သူ ဒေါ်ဝင်းမှ မိမိအနေဖြင့် နှစ်စဉ်စိုက်ပျိုးပြုလုပ်ခဲ့ရာ (သစ်စိမ်းမြေသြဇာ) ကောင်းကျိုးများနှင့် ပတ်သက်၍ တောင်သူများအား ပြန်လည်မျှဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းသရုပ်ပြ ပွဲတွင် တောင်သူ(၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်မြောင်း(ပြန်/ဆက်)