ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ခရိုင်ချင်းဆက်လမ်းအမှတ်(၂)တွင် လမ်းအနိမ့်အမြင့် ဖြေညှိခြင်း၊ လမ်းအပေါက်များအား ကတ္တရာရေပိတ်လွှာများလောင်ခြင်း၊ လမ်းပုခုံးများ ပြုပြင်ပေးသွားမည်ဖြစ်

ကျောက်ဆည် ဇွန်၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်အတွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် ခရိုင်ချင်းဆက်လမ်းတွင် လမ်းအနိမ့်အမြင့်များဖြေညှိခြင်း၊ လမ်းအပေါက်များအား ကတ္တရာရေပိတ်လွှာများလောင်ခြင်းနှင့် လမ်းပုခုံးသားများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မန္တလေးတို်င်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၁၄)ဖြင့် မိုင်တိုင်အမှတ် (၄၃)မိုင် (၇)နှင့် (၄၅)မိုင် (၄)အတွင်းရှိ အကျယ်(၁၂)ပေ၊အရှည်(၁)မိုင်(၁)ဖာလုံခွဲမှ လမ်းအပေါက်များအား ပြုပြင်ခြင်း၊ လမ်းအနိမ့်အမြင့်များဖြေညှိခြင်းများပြုလုပ်ကာ ကတ္တရာရေပိတ်လွှာများလောင်းခြင်းနှင့် လမ်းပုခုံးများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန် ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)