ဇလွန်မြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲ အခမ်းအနားကျင်းပ
Jun 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလ မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီ-ဟင်္သာတ တာမိုင် ၂၅ /၂ ဆန်တန်း ရေကင်းစခန်း အမှတ် (၃)တွင် ကျင်းပပြုလုပ်ခဲ့သည်။