သတင်းများ

မူဆယ်မြို့တွင် နိုင်ငံတကာအဆင့်မီ လူမှုကူညီရေးအသင်းများမှ ဖွင့်လှစ်သောသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မြို့တော်ခန်းမ၌ နိုင်ငံတကာအဆင့်မီ လူမှုကူညီရေးအသင်းများမှ ဖွင့်လှစ်သော သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွှန်းလွှဲ ၁:၃၀ နာရီအချိန်က ကျင်းပခဲ့သည်။
ပေါင်မြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း သရုပ်ပြ စိုက်ခင်း ပြသ
Jun 24,2022
ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ကျခတ်ငူ ကျေးရွာရှိ တောင်သူ ဦးဇာ်လွင်၏ မြေ ၀.၅ဧက ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများကျင်းပ
Jun 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများကို ယနေ့နံနက်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
​ကော့ကရိတ်မြို့တွင် ကျောကျောင်းသူ​၊ ကျောင်းသားများ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ်ကျပန်းစကား​ပြောပြိုင်ပွဲ ကျင်းပ
Jun 24,2022
ကရင်ပြည်နယ်၊​​ ကော့ကရိတ်ခရိုင်၊ ​​ကော့ကရိတ်မြို့နယ်၌ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ပြိုင်ပွဲများ ကျင်းပ​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့​နံနက်ပိုင်းတွင် အထက်တန်းအဆင့် ကျပန်းစကား​ပြော​ပြိုင်ပွဲ ​ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 24,2022
မွန်ပြည်နယ် မော်လမြိုငိမြို့တွင် ၂၀၂၂ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jun 24,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်း၌ ဇွန်လ(၁၄)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ
ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်းအနားကျင်းပ
Jun 24,2022
ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက‌ ရွှေနန်ယန်ခန်းမ၌ ကျင်းပပြုလုပ်သည်။