သတင်းများ

ကဝမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ် ကွင်းဆင်းဆောင်ရွက်
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကဝမြို့နယ် အုန်းနှဲကျေးရွာရှိ တောင်သူဦးဌေးအောင်၏ မိုးစပါးစိုက်ပျိုး၍မရသော  လယ်မြေ(၁) ဧကတွင်  မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ လျော်ကြေးပေးနိုင်ရေးအတွက် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 24,2022
ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်း (၁၁၀ ကေဗွီ) နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေးနှင့် လျော်ကြေး ပေးအပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ကော်မတီ အဖွဲ့ဝင်များနှင့် ခြံပိုင်ရှင်များပါဝင်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ
Jun 24,2022
၂၀၂၂ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများဆောင်ရွက်
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများကို မြို့နယ်ပညာရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်း(တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပဆောင်ရွက်သည်။
နောင်တရားမြို့ အ.ထ.ကကျောင်း၌ ကျောင်းစုဝေးကွင်းကို ဒေသခံများက ကိုယ့်အားကိုယ်ကိုးကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပေး
Jun 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသားကျောင်းသူများ စုဝေးရာနေရာဖြစ်သည့် ကျောင်းစုဝေးကွင်းကို ဒေသခံပြည်သူများနှင့် ကျောင်းကော်မတီဝင်များက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်ခင်းဆောင်ရွက်သည်။
ဒေါ့ဖုန်းယန်မြို့ ဘာသာရေးကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 24,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဘုန်းတော် ကြီးကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနှင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတို့တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းတို့ကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ကစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jun 24,2022
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်(omicron) ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်
Jun 24,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။