ရန်ကင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကင်း ဇွန်  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အမှတ် (၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရေးတို့ကို ရည်ရွယ်၍ ယမန်နေ့နံနက် (၉:၃၀) အချိန်က ရန်ကင်း TTC (လေ့ကျင့်ရေးအလယ်တန်းကျောင်း) ခန်းမဆောင်တွင် ယာဉ်စည်းကမ်၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရန်ကင်းမြို့နယ်မှ ဒုရဲမှူးမျိုးဇော်ထွန်း က ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သတိပေး လမ်းညွှန်ချက်မျာ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ မော်တော်ယာဉ်မောင်းနှင်စဉ် လိုက်နာရမည့်အချက်များ၊ လမ်းဖြတ်ကူးရာတွင် လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျ ကူးစေရန်နှင့် ခြေလျင်လျှောက်သူများအတွက်လည်း သိရှိလိုက်နာစေရန် အချက်များကို ဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူ (၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)