အထက (ကန်သာယာ)ကျောင်း၌ ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး ​အသိပညာပေးဟောပြော

ဘီးလင်း ဇွန် ၂၉

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အထက(ကန်သာယာ)ကျောင်း၊ မဟော်သဓာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းက ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့်တ်သက်၍လည်းကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးမျိုးလွင်က  မူးယစ်ဆေးဝါးအန္တရာယ်  တားဆီးကာကွယ်ရေး ဆိုင်ရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းတင်မွန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့  မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းတင်မွန်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အထက (ကန်သာယာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)