သနပ်ပင်မြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်

သနပ်ပင် ဇွန် ၂

၂၀၂၂ ခုနှစ် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်းသင်တန်းကို ယမန်နေ့နံနက်ပိုင်း ၁၀ နာရီက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အဆိုပါ သင်တန်းသို့ သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ကျေးရွာပြည်သူများ ရှင်းလင်းပြောကြားခဲ့သည်။

သနပ်ပင်မြို့နယ်အတွင်း တိရစ္ဆာန်အစာပင် နေဗီယာမြက်အား  ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအဟာရလုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူ ပြီး၊ ရိတ်ကျွေး နိုင်သောစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်စေရန်၊ ပိုလျှံသောမြက်များကိုနွေရာသီ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်ရန်အတွက် အစာချဉ်ဖတ်ပြုလုပ်၍ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်​ပြီးမွေးမြူသူတောင်သူများအနေဖြင့် အောင်မြင်သောမွေးမြူရေးလုပ်ငန်းဖြစ်ထွန်းစေရန်အတွက် အစာကုန်ကျစရိတ် လျော့ချနိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းမှ အမြတ်အစွန်းများစွာရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းသို့ ကျေးရွာပြည်သူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

လှမိုး