ဟင်္သာတမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာတည်နေရာပြ (Point)စတင် ကောက်ယူ

ဟင်္သာတ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး (GIS) နည်းပညာဖြင့် တည်နေရာ (Point) စတင် ကောက်ယူခဲ့ကြသည်။

အဆိုပါ တည်နေရာပြ (Point) ကောက်ယူရာတွင်  မြို့နယ်လဝက ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက မြို့ပေါ် ၂၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁ စု၊ ဟင်္သာတမြို့နယ် ဒူးယားမြို့ အတွင်းရှိ ရပ်ကွက် ၅ ရပ်ကွက်တို့ အား Geographical Information System (GIS) စနစ်ဖြင့်  ရပ်ကွက်/ကျေးရွာတည်နေရာ (Point) စတင် ကောက်ယူခဲ့ပြီး ကျန်ရှိ ရပ်ကွက်/ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ကောက်ယူသွားမည်ဖြစ် ကြောင်း ဒုမြို့နယ် လဝကမှူး ဦးမျိုးဝင်းအောင်ထံက သိရသည်။

ကိုဇော် - ဟင်္သာတ