ရွှေသောင်ယံ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူ (၃၂၇)ဦးကို ဒုတိယအကြိမ်ကို ကိုဗစ်-၁၉ ရောဂါကာကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထို့နှံပေးရာတွင် အ-ထ-က(ရွှေသောင်ယံ)မှ (၁၇၆)ဦး၊ အ-မ-က(ဂျိုင်လယ်)မှ (၂၄)ဦး၊ အ-မ-က(ကျောက်တလုံး)မှ (၃၉)ဦး၊ အ-မ-က(ဂျိုင်ကြီး)မှ (၂၅)ဦး၊ အ-မ-က(အုန်းတောကြီး)မှ (၂၇)ဦး၊ အ-မ-က(ခရင်ချောင်း)မှ (၃၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၂၇)ဦး ထိုးနှံခဲ့ကြသည်။
ထိုသိုကာကွယ်ဆေးထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)