နမ့်ဆန် ဇူလိုင် ၅
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စီမံချက်တို့ပူးပေါင်းပြီး အနာဂတ်အတွက် သောက်သုံးရေစီမံချက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟူးခင်ကျေးရွာအုပ်စု မန်စပ်ကျေးရွာစာသင်ကျောင်းတို့တွင် စိုက်ပျိုးပေးခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဦးခင်မောင်၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် စေတနာရှင်လုပ်အားရှင်များ၊ စီမံချက်ဝန်ထမ်းများပူးပေါင်းကာ စိန်ပန်းပြာ၊ မျောက်ငို၊ မယ်ဇလီ၊ ဘောဇကိုင်း၊ ချယ်ရီ၊ ယေမနေနှင့် အခြားပျိုးပင်စုစုပေါင်း (၁၂၀ )ပင်တို့ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)