သတင်းများ

မိုးညှင်းမူလတန်းကြိုကျောင်း၌ ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 31,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မိုးညှင်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ဂွမြို့တွင် ကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Aug 31,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေး စစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အထက(ဂွမြို့) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ် နန္ဒဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အာဟာရလှူဒါန်း
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူလေးများအား အလှူရှင်တစ်ဦးက အာဟာရလှူဒါန်းခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း ထည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းအား ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ မိုးစပါးနှင့် အခြားမိုးသီးနှံ ၃၁၈၅၉ ဧက စိုက်ပျိုး ပြီးစီး
Aug 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၄၂၅၇၄ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ထိ (၃၁၈၅၉)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းထွန်းထံမှ သိရသည်။
မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းချမှတ်ချက်နှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Aug 31,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်း ကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/ မရှိများအား မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဖိုက်ဘာကေဘယ်လ် သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Aug 31,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဖိုက်ဘာကေဘယ်လ်သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက မင်းလှမြို့နယ်ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ MULTI CENTRE COMPANTY LIMITED မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက မော်လိုက်မြို့ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။