ပန်လုံ ဩဂုတ် ၃၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပန်လုံမြို့၊တိုက်နယ်ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အသက်(၅)နှစ်မှ အသက်(၉)နှစ်ထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်းက အနီးကပ် ကြီးကြပ်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးထိုးမည့် ကလေးအမည်စာရင်းသွင်းခြင်းတို့ ဆောင်ရွက်ပြီး ဆေးမထိုးမီ အာဟာရဖြည့်အချိုရည်တိုက်ကျွေးခြင်းနှင့် ချိုချဉ်များကို ဖြန့်ဝေပေးခဲ့ပါသည်။
ပန်လုံမြို့ရှိ အသက်(၅)နှစ်မှ (၉)နှစ်အထိ ကလေးငယ်(၄၀၀)ဦးတို့ကို ဂျပန်ဦးနှောက် ရောင်ရောဂါကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ပန်လုံ(ပြန်/ဆက်)