ဘိုကလေးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဘိုကလေး စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အတူ ဖျာပုံခရိုင် ယာဉ်ထိန်း တပ်ဖွဲ့၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ယမန်နေ့ နံနက်(၁၁)နာရီ အချိန်၌ ဘိုကလေးမြို့အဝင် နတ်ချောင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ် စီးနင်းဖြတ်သန်းသွားကြသူများအား အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီး ဦးထုပ်များဆောင်းကာ စီးနင်းမောင်းနှင်ကြရန်၊ ဦးထုပ်ဆောင်းရာတွင် လည်း မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ရန်နှင့် နိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်မဆမှုများ ဖြစ်ပွားရာ၌ ဆိုင်ကယ်စီးဦးထုပ်အား စနစ်တကျ မဆောင်းသဖြင့် အသက်ဆုံးရှုံးရပုံများအား အသိပညာပေးခဲ့ပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များအား လာရာလမ်းသို့ ပြန်လှည့်၍ ဆိုင်ကယ်စီးဦးထုပ်ပြန်လည် ယူဆောင်စေခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)