သတင်းများ

မက်မန်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ် Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လေထုသန့်ရှင်းရေးနေ့အထိမ်းအမှတ် အသိပညာပေးTalk Show ဆောင်ရွက်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၂၀၂၂ခုနစ် စက်တင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လေထုသန့်ရှင်းရေးနေ့အထိမ်းအမှတ် လေထုသန့်ရှင်းဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက်၁၀ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ပန်း​တောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံပေး
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်အသက် ၁၂ နှစ်မှ အသက် ၁၇ အထိ ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေးခြင်း ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းစုရပ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဆေးထိုးအဖွဲ့မှ ထိုးနှံ‌ပေးခြင်းများ ဆောင်ရွက်ကြသည်။
သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 07,2022
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လည် (၁)နာရီက မုဆိုးရင်ကျေးရွာ၌ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ 
မိုင်းခုတ်မြို့၌ ဒေသအခေါ် နှမ်းကြီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ဟိုခန့်ကျေးရွာ၌ တောင်သူ ဦးစိုင်းအင်းပျဲဉ်း စိုက်ပျိုးထားသည့် ဒေသအခေါ် နှမ်းကြီးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများ စာအုပ်စာစောင်များကို နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှုလျက်ရှိ
Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ် ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း  သိရသည်။
တံတားဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 07,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု၊ ရေခါးကျေးရွာ ဘုရားကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
ပေါက်မြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Sep 07,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးနေဇော်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို