ပေါက်မြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ပေါက် စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးနေဇော်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးအတွက် စက်တင်ဘာ ၇ရက်နေ့ နံနက်၇နာရီခွဲအချိန်က လူစည်ကားရာ ပေါက်-ပခုက္ကူ ကားလမ်း၊ မြို့မဈေးအတွင်းနှင့် မြို့လယ်လမ်းဆုံများတွင် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြစေရေး အသိပညာပေး ပြောကြားခြင်းနှင့် Mask များကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုရွှေယော(ပြန်/ဆက်)