အိမ်မဲ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၂၀၂၂ခုနစ် စက်တင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လေထုသန့်ရှင်းရေးနေ့အထိမ်းအမှတ် လေထုသန့်ရှင်းဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက်၁၀ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ လေထုအကြောင်း၊ လူသားတို့အပေါ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ဆွေးနွေးပြောကြားခဲ့ပြီး၊ ဒုတိယဦးစီးမှူးဒေါ်စောသန္တာဦးက လေထုညစ်ညမ်းမှုလျှော့ချရေးနှင့်၊ အပြည်ပြည်ဆိုင်ရာသန့်ရှင်း သောလေထုနေ့အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်ရုံး၏လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ အသိပညာပေး Talk Show ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင် ပြပွဲစာအုပ်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဌေးဌေးလှိုင်