ပန်း​တောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံပေး

ပန်းတောင်း   စက်တင်ဘာ   ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်အသက် ၁၂ နှစ်မှ အသက် ၁၇ အထိ ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေးခြင်း ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းစုရပ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဆေးထိုးအဖွဲ့မှ ထိုးနှံ‌ပေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ ကာကွယ်ဆေးထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားများပြောကြားပြီး စနစ်တကျထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များ ​ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့​​နောက် ဆင်တဲအထကဆေးထိုးစုရပ်အထက(ခွဲ)တက်သစ်ကျွန်း၊  အထက(ခွဲ)ရွာသာယာ၊ အထက(ခွဲ)ဒန့်ဒလွန်၊ မူလွန်နတ်မောက်ကျောင်း ဆေးထိုးစုရပ်များ၌လည်း ကိုဗစ်ကာကွယ်ဆေးများထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)