ပုသိမ် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပုသိမ်မြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောင်ဧရာ(ဘူတာ)စျေးနေအိမ်များ၏ ရှေ့ရှိ ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်းနှင့် ကွန်ကရစ်လမ်းတိုး ချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို(၈၃၅'×၃'×၃') နှင့် ကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်း(၁၀၇၀၀ စတုရန်းပေ)တို့အား တင်ဒါအောင်မြင်သည့် Royal new way Co;ltd မှ ဆောင်ရွက်လျက်ရှိရာ ကွန်ကရစ်လမ်းတိုးချဲ့ခင်းရန်နှင့် အုတ်ရေမြောင်းပြုလုပ်ခြင်းတို့အတွက် မြေကြီးတူးဖော်ခြင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများကို (၉.၉.၂၀၂၂)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဤသို့ ပလက်ဖောင်းရေမြောင်းပြုလုပ်ပြီး ကွန်ကရစ်လမ်းတိုးချဲ့ခြင်းကြောင့် ရေစီးရေလာ ပိုမိုကောင်းမွန်ပြီး အောင်ဧရာဈေးရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားမည်ဖြစ်ကာ စျေးရောင်းချသူနှင့်စျေးဝယ်သူများ အဆင်ပြေစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။
မြင့်ဟန်