ပေါင်းတည်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအခြေပြု သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ကျားပိုးလောက်လန်းကင်းစင်/ကျောင်းများထူထောင်ရေး သင်တန်း ဖွင့်လှစ်

ပေါင်းတည် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်/ကျောင်းများ ထူထောင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဆရာဝန်ကြီး ဒေါက်တာသန်းသန်းချစ်တို့က အဖွင့်အမှာစကားပြောကြားပြီး ငှက်ဖျားအင်စပက်တော်ဦးသန်းလွင်စိုးက ခြင်ကျားပေါက်ပွားပုံအဆင့်ဆင့် ဖြစ်သည့်ခြင်ဥ၊ ပိုးလောက်လန်း၊ ပိုးရုပ်ဖုံး၊ သက်ကြီးကောင်ဖြစ်စဉ်သည် ပေါက်ပွားမှုနှုန်း မြန်သဖြင့် ပိုးလောက် လန်းဘဝတွင် နှိမ်နင်းရန်၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်းတို့ ဆောင်ရွက်ရန်တို့ကို အကျယ်တဝင့်ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိကျောင်း အုပ် ဆရာ/မများ စုစုပေါင်း ၆၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)