ကျိုင်းတုံမြို့နယ် မိုက်စလီနံပါတ်ကျေးရွာမှ နွားမွေးမြူရေးတောင်သူများထံ  မျိုးကောင်းမျိုးသန့် ဒေသနွားပြာစိမ်း(၁၁)ကောင် ဖြန့်ဖြူးပေးအပ်

ကျိုင်းတုံ   စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဖြန့်ဖြူးပေးသည့် မျိုးကောင်းမျိုးသန့် ဒေသနွားပြာစိမ်း(၁၁)ကောင် ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ယန်းလောကျေးရွာအုပ်စု၊ မိုက်စလီနံပါတ်ကျေးရွာ၌ ကျင်းပသည်။

ပေးအပ်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ဒေသအတွင်း မျိုးကောင်းမျိုးသန့်ဒေသနွားများ တိုးပွားလာစေရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ဒေသနွားများဖြန့်ဖြူပေးခြင်းဖြစ်ကြောင်းနှင့် ဒေသနွားမွေးမြူခွင့်ရရှိသူ တောင်သူများအနေဖြင့် စနစ်တကျမွေးမြူကြရန်ပြောကြားပြီး မြို့နယ်ကြီးကြပ်မှုကော်မတီက ဒေသနွားပြာစိမ်း ၁၁ ကောင်အား ယန်းလောကျေးရွာ ကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်သည်။

ဒေသနွား မွေးမြူခွင့်ရရှိသူများသည် စာချုပ်ပါအတိုင်း (၃)နှစ်ပြည့်ပြီးပါက အဆိုပါကျေးရွာမှ နွားမွေးမြူလိုသူများကို မူလနွားအရွယ်အစားအတိုင်း ဆက်လက်ဖြန့်ဝေ ပေးရမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးနိုင်ထံမှ သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)