ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်ဦး  စက်တင်ဘာ  ၁၉

ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေ ရန်ရည်ရွယ်၍ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းသည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးမင်းနိုင်ဦး(လက်ထောက် ညွှန်ကြားရေးမှူး)က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်ခဲ့သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အိုဇုန်းလွှာအကြောင်းသိ ကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပစာပေများကိုလည်း ငယ်စဉ်ကတည်းက လေ့လာဖတ်ရှု၍ ပြင်ပဗဟုတများရှာဖွေကြရန် စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုထွေးက အားကစားနှင့်ကာယပညာအကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသော်ဇင်ဝင်းက ရာသီဥတုပြောင်းလဲခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြပြီး မေးခွန်းများမေးမြန်းကာ ပြန်လည်ဖြေကြားသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ ပေးအပ်ခဲ့ကြသည်။

၎င်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းသူ/ကျောင်းသားအတွက် အားကစား ပစ္စည်းများပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး မှတ်တမ်း Video ပြသကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ